ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, July 20, 2012

Q and A Over 18 Readings (57)

1. အသက် ၁၃ နှစ်လောက်အရွယ် အပျိုဖော် စဝင်ထဲက အဖြူဆင်းပါတယ်။
2. ပေါင်ကြားတွင် ရေယုံလိုထင်ရတာ ပေါက်ပါသေးတယ်။
3. တစ်လ တစ်ကြိမ်ပဲနေမယ်ဆိုရင် ဘာများဖြစ်နိုင်သလဲ။
4. ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပေးပါဦး။
5. I have slept with my fiancé last three hours ago
6. ကိုယ်ဝန်ရမှာ ကြောက်နေပါတယ်။
7. လိင်တူချင်း ဆက်ဆံသော သူနှစ်ယောက်တို့သည်
8. Abortion လုပ်ပြီးတာ ၁ လ နဲ့ ၅ ရက်ရှိသွားပြီ။
9. ကိုယ်ဝန်ဘယ်နှစ်လပိုင်းမှစပြီး အတူနေရန် မသင့်တော်ဘူးလဲ
10. ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဖူးပါတယ်။

Fri, Jul 20, 2012 at 10:56 AM
ကျွန်မက အသက် ၂၈ နှစ်ရှိပါပြီ။ အသက် ၁၃ နှစ်လောက်အရွယ် အပျိုဖော် စဝင်ထဲက အဖြူဆင်းပါတယ်။ ဒါပေမယ့် အဲ့တုန်းကတော့ နဲနဲဘဲဆင်းတာပါ။ အခု တဖြည်းဖြည်း နဲနဲ အနံ့တွေလဲ နံလာပါတယ် အရောင်ကလဲ နဲနဲ ဝါလာပါတယ်။ ဆေးခန်းက အိုဂျီအထူးကုတစ်ယောက်နဲ့ ပြကြည့်ပါသေးတယ်။ သူ့ဆီပြတော့လဲ သူက လက်တစ်ဆစ် ဆေးရည်ဘဲ သုံးခိုင်းတယ်၊ အတွင်းခံဘောင်းဘီဝတ်ရင် ချည်ထည်ဘဲဝတ်လို့ ပြောပါတယ်။ သူပြောတာ ဒါပါဘဲ သူနေခိုင်းသလို နေတော့လဲ မထူးပါဘူး။ သက်လဲ မသက်သာပါဘူး။ အဲ့လိုဆိုတော့ တစ်ခြား အိုဂျီတစ်ယောက်ပြောင်းပြလဲ ထူးမှာ မဟုတ်ဘူးလို့ စိတ်ထဲမှာထင်နေလို့ပါ။ ကျွန်မ အိမ်ထောင်ပြုမှ ကလေးရဖို့ အခက်အခဲ ဖြစ်နေမှာစိုးလို့ မေးကြည့်တာပါ။ အဲ့လို အနံ့တွေ ထွက်နေပြီး အောက်ခံဘောင်းဘီက စိုစွတ်နေတော့ ကိုယ့်ကိုယ်ကိုလဲ မသတီချင်ဘူး ဖြစ်နေတယ်။ ပြီးတော့ ကျွန်မရဲ့ (စကားရိုင်းရင် ကန်တော့ပါ) အမျိုးသမီး အင်္ဂါအရောင်က မဲနေတယ်ရှင့်။ ဘာလို့ အရောင်က အဲ့လို ဖြစ်နေတာလဲ မသိဘူး။ ကျွန်မက အပျိုစင် တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်မ အိမ်ထောင်ပြုတဲ့အခါ အမျိုးသားက အဲ့လိုမျိုး အရောင်ကိုမြင်ရင် စိတ်အနှောက်အယှက်ဖြစ်မှာ တစ်အားကြောက်နေလို့ပါ။

မစိုးရိမ်ပါနဲ့။ မိန်းကလေး၊ အမျိုးသမီးတွေ အဖြူဆင်းတာ အဖြစ်များပါတယ်။ အိမ်ထောင်မရှိရင်၊ အတူနေတာမရှိရင် ဆင်းတဲ့အဖြူ စတာက ပိုးကြောင့်ဖြစ်အုံးတော့ ဆိုးတဲ့ပိုး မဟုတ်ပါ။ အများအားဖြင့် ဖန်းဂတ်စ် မှိုဖြစ်တယ်။ တချို့ယားတာလဲဖြစ်၊ အနံ့ကလဲ အဲလို မိန်းကလေးတွေမှာ ပိုးအဆိုးကြောင့် မဟုတ်ဘဲလဲ အခုလို စိုထိုင်းတဲ့ရာသီမှာ (မေးတဲ့သူ ဘယ်မှာနေလဲတော့ မသိဘူး) ဖြစ်နိုင်တယ်။ အထဲမှာနေတာကြာလို့ အနံ့ရတာလဲ ဖြစ်တတ်တယ်။

လက်တဆစ်ဆေးရည် ဆိုတာမသိပါ။ ဆေးထဲမှာ ဘာတွေပါသလဲ ဖတ်လို့ရရင်ပြောပါ။ Metronidazole tablet စားဆေး သောက်ခိုင်းပါသလား။ သောက်သင့်တယ်လို့ ယူဆပါတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်ဆက် သောက်ပါ။ အဲဒါမှ မရသေးရင် -
Clotrimazole vaginal tablets, Clotramazole cream, Clotrimazole (Canesten), Econazole (Ecostatin), Miconazole (Gyno-Daktarin) pessary တမျိုးမျိုးကို ဗဂျိုင်းနာထဲ ကိုယ့်ဖါသာ တည ၁ ပြား ထည့်ပေးပါ။ ဆေးတကပ်ဟာ တခါအတွက်ဖြစ်လို့ ၅-၆ ပြားပါမယ်။ ကုန်အောင် ထည့်ပါ။

အိမ်ထောင်ကျလို့ ကလေးမရမှာ ပူပင်တာ ကောင်းပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အဲလို အဖြူဆင်းပြီး ခဏခဏဖြစ်သူတွေ၊ လိင်လမ်းကနေဝင်တဲ့ပိုး ခဏခဏဝင်သူတွေသာ ကြာတော့ သားအိမ်ပြွန်လေးတွေ ကျဉ်းတာကြောင့် ကိုယ်ဝန်ဆောင်ဘို့ ခက်တတ်ပါတယ်။ ဗဂျိုင်းနာ၊ သားအိပ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥ စတဲ့နေရာတွေကို ပိုးကြောင့်ရောင်ရင် ဆင်းတာအပြင် ဆီးစပ်နေရာလဲ နာနေလိမ့်မယ်။ အဲလို တင်ပါးဆုံတွင်း အင်္ဂါတွေရောင်သူတွေသာ ကလေးမရမှာ စိုးရိမ်ရတယ်။

မိန်းကလေးအင်္ဂါ အရောင်ဟာ အပျိုစစ်တာ၊ ရောဂါရှိတာနဲ့ မဆိုင်ပါ။ မွေးရာပါသဘောသာဖြစ်တယ်။ အရေပြား ရောင်ချယ် အနည်း-အများအပေါ်မူတည်တယ်။ ခင်ပွန်းလောင်းမှာလဲ ကျန်းမာရေးသုတ ရှိရင် ကောင်းတာပေါ့။ အဲဒီနေရာကို အရောင် ပြောင်းအောင်ကြိုးစားဘို့ မတိုက်တွန်းပါ။ လိမ်းဆေး၊ စားဆေး ဘာကိုမှ အားမကိုးစေချင်ပါ။ အင်္ဂါအရောင်ဆိုတာ အပြင်နုတ်ခမ်းသား အကြီး (အမွှေးပေါက်တဲ့နေရာ)၊ နုတ်ခမ်းသားအသေး (အမွှေး မပေါက်တဲ့နေရာ)၊ မ-အစိနေရာတွေကလဲ အရောင်မတူတတ်ပါ။ ပြောချင်တာ ဘယ်နေရာလဲတော့ မသိပါ။ စာရေးထားတာ ရှာဖတ်နိုင်ပါတယ်။ ရှာမရရင်တော့ ပြောပါ။

Vulva မိန်းမကိုယ် http://dts-medicaleducation-adult.blogspot.in/2012/03/vulva.html
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html

Fri, Jul 20, 2012 at 4:57 PM
အသက်က ၃၅ နှစ်။ အိမ်ထောင်ရှိ။ ကလေးတယောက် ၅ နှစ်နဲ့ နောက်တဗိုက်ပါ။ အမျိုးသမီးက ၃၇ နှစ်ပါ။ မေးတာတွေမှာ အသုံးအနှုန်း မှားယွင်းမှု မလေးစားမှုများ ပါခဲ့ရင် ခွင့်လွှတ်ပေးပါ။ အခု ကျတော့် လိင်တံ အရေပြားမှာ ရေယုံလိုမျိုး ပေါက်နေလို့ပါ။ အဲ့ဒါ သာမန် ရေယုံလိမ်းဆေး လိမ်းရင် ရပါသလား။ အရင် တလပိုင်းလောက်ကလဲ အမျိုးသမီး အင်္ဂါနှင့် ပေါင်ကြားတွင် ရေယုံလိုထင်ရတာ ပေါက်ပါသေးတယ်။ အဖူးလေးတွေ အများကြီး ပြွတ်နေတာရယ် ယားပြီး နာတယ်ဆိုတော့ ရေယုံဖြစ်ဘို့ များနေတယ်။ အမျိုးသမီးက ခုကိုယ်ဝန် ၅ လရှိပါပြီ။ ခုရေယုံပေါက်တာတွေက ကိုယ်ဝန်ကိုကော ဘယ်လို ထိခိုက်နိုင်ပါသလဲ။ ဒီလဆန်းပိုင်းတော့ ကျတော် ဆေးစစ်တာမှာ VDRL ကော HIV ကော ဆီးစစ်တာမှာကော အားလုံး ကောင်းနေတယ်။ ဘာဆေးလိမ်းပြီး ဘယ်လိုနေထိုင်သင့်တယ် ပြောကြားပေးပါ။

Genital herpes လိင်လမ်း ရေယုံ http://dts-medicaleducation-adult.blogspot.in/2012/04/genital-herpes.html ကိုပို့လိုက်ပါတယ်။

ကျတော့် လိင်တံက ရေယုံဖြစ်ဖို့များတယ်။ ခုမှ သေချာကြည့်မိတယ်။ ပျောက်လိုက်ဖြစ်လိုက်နဲ့က ၃-၄ နှစ် ရှိပြီ။ တင်ပါးမှာ ပျောက်လိုက် ဖြစ်လိုက်ကတော့ ၁ဝ နှစ်ဝန်းကျင်ကို ရှိနေပြီ။ ဆရာပြောသလိုဆို ရေယုံ ဘက်တီးရီးယား ဝင်ပြီးရင် ပျောက်ဖူးဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ အမျိုးသမီးနဲ့ အိမ်ထောင်ကျတာတော့ ၆ နှစ်ရှိပြီ။ အဲ့လို အနာပေါက်နေချိန်တော့ အရင်က အမျိုးသမီးနဲ့ မနေဘူး။ ဒါပေမယ့် ပျောက်ခါစ၊ တခါတလေ ဖြစ်ခါစတို့မှာ နေမိတာတော့ ရှိတယ်။ ကိုယ်ဝန် မရှိခင်ကပေါ့။ ခု အမျိုးသမိးက ပေါင်ကြားမှာ ပေါက်တာဆိုတော့ မွေးလမ်းကြောင်းမှာ ဖြစ်မဖြစ်က ဘယ်လိုသိနိုင်လဲ။ သူလဲ ခုမှ စပေါက်တာပဲ။ ဘယ်လို အချက်တွေပြလဲ။ အရင်ကလေးတုန်းက ဗိုက်ခွဲမွေးထားတော့ ခုကလေးလဲ ခွဲမွေးဖြစ်မှာပါ။ ကလေးအတွက် မထိခိုက်အောင် ဘာတွေ လုပ်ထားသင့်လဲ။ အမျိုးသမီး အနာ ပေါက်တုန်းကတော့ ဗားလက်စ် လိမ်းတယ်။ ကျတော့် လိင်တံအရေးပြားမှာကော အဲ့ဒါလိမ်းလို့ရပါသလား။ ကိုယ်ဝန်နဲ့ ဆိုတော့ လန့်နေလို့ပါ။

စာထဲမှာ ဆေးနည်းတွေပါပါတယ်။ မြန်မာအသံထွက်နဲ့ဆေးကို ဆရာမသိပါ။ စာလုံးပေါင်သိရင် ရှာပေးနိုင်ပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ စစ်ရတာခက်တယ်။ ပြန်ဖြစ်တတ်တယ်။ အပြန်အလှန်ကူးစေတယ်။ ဗက်တီးရီးယား ဝင်တာက ရိုးရိုးအနာဆေးနဲ့ ပျောက်လွယ်ပါတယ်။ တခါဗိုက်ခွဲမွေးရတိုင်း နောက်ကိုယ်ဝန်တွေမျာလဲ ခွဲမွေးရမယ်ဆိုတာ တရားသေတော့ မဟုတ်ပါ။

Fri, Jul 20, 2012 at 10:12 PM
ဆေးနာမည်က VIRLESS ပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပေးပါဦး။ အမျိုးသမီး စိတ်ရှိတာကို ပါးစပ်နဲ့ ရနိုင်ပါသေးလား။ တံတွေးကနေ ဖြစ်လာမဲ့ အကျိုးဆက်လေးတွေကိုပါ။

Virless ဟာ Acyclovir ဖြစ်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတွေအတွက် သုံးနိုင်တယ်။ စားဆေးရော လိမ်းဆေးပါ ရှိတယ်။ ကောင်းပါတယ်။ ရေယုံက အများအားဖြင့် ဖြစ်နေတာ မကြာပါ။ ခဏခဏဖြစ်တတ်သူဆိုရင်တော့ သတိပိုရှိရလိမ့်မယ်။ သူ့အလိုလိုလဲ ပျောက်တယ်။ ဆေးသောက်၊ ဆေးလိမ်းရင် မြန်မြန်ပျောက်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ဖြစ် မဆောင်ချိန်ဖြစ်ဖြစ် ပါးစပ်သုံးနည်းမှာ သတိထားရမှာတွေထဲမှာ လိင်လမ်း ရေယုံလဲပါတယ်။ ပါးစပ်မှာ ရှိတာ၊ အင်္ဂါမှာ ရှိတာဆိုရင် လက်ဆံရာမှာ ပါးစပ်ကို မသုံးသင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာလဲ အရင်လို အတူနေလို့ရတာပါဘဲ။ စာတပုဒ်ရေးထားပါတယ်။ အဲလိုနေတာမှာလဲ လိင်ကတဆင့် ကူးစက်တာ မရှိမှသာ ကောင်းတယ်။ (ကွန်ဒွမ်) ကနေ ဖုံးထာတာဆိုရင် ကာကွယ်နိုင်တယ်။ မဖုံးနိုင်တဲ့နေရာမှာ ရေယုံ၊ ကြွက်နို့၊ အနာတွေကိုတော့ မကာကွယ်နိုင်ပါ။ ပါးစပ်သုံးနည်းအကြောင်းလဲ ရေးထားပါတယ်။

Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/oral-practice.html
Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html

Thu, Jul 19, 2012 at 8:01 AM ကျတော့် အသက် ၄ဝ။ ဇနီးအသက် ၃၆။ ရင်သွေး တစ်ဦးရှိ ၁ဝ နှစ်။ ၂ ဦးလုံး ကျန်းမာရေးကောင်းပါတယ်။ ၂ ဦးလုံး အလုပ်ကိုင်တွေ နေ့ဖက်မှာလုပ်ကြပြီး Sunday တစ်ရက်သာနားပါတယ်။ ဒါကြောင့် အရှည်သဖြင့် စိတ်ဆန္ဒထက် ကျန်းမာရေး ရှုထောင်မှ ကြည့်၍ နှစ်ဦးလုံးအတွက် စိတ်ဆန္ဒလဲပြေပြီး ကျန်းမာရေး မထိခိုက်သော အနည်းဆုံးနေနိုင်သည့် အကြိမ်ကို သိချင်ပါတယ်။ တစ်လ တစ်ကြိမ်ပဲနေမယ်ဆိုရင် ဘာများဖြစ်နိုင်သလဲ။

လင်-မယားဆက်ဆံမှုမှာ အနည်းဆုံးအကြိမ်ရယ်လို့ သုတေသနပြုထားတာ မတွေ့ဘူးပါ။ ယောက်ျားတွေရော မိန်းမတွေပါ တယောက်နဲ့ တယောက် မတူကြပါ။ များချင်သူရှိသလို ရောင့်ရဲသူတွေလဲ ရှိပါတယ်။ အလိုရမက်ကို ချုပ်တည်းထားလို့ စိတ်ကိုနိုင်သူတွေက နိုင်သလောက်ရတယ်။ လွှတ်ထားသူကတော့ ပိုများပါတယ်။

လူမှုဆက်ဆံရေးအရ တယောက်နဲ့တယောက် နားလည်မှုရှိထားကြရင် ပြေလည်ကြပါမယ်။ ဒါကလဲ ရေးခဲ့သလို စိတ်အလို တူကြရင်သာ ပြောတာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာလဲ တပတ်မှာ ၂ ရက်သာ အတူနေနိုင်ကြတာ အများစုဖြစ်တယ်။ သူတို့ လူမှုဘဝနဲ့သူတို့ အဆင်ပြေအောင် နေထိုင်ကြတယ်။

အလေ့အထလိုက်ပြီး ဟော်မုန်းပိုင်း၊ စိတ်ပိုင်းကလဲ လိုက်ပြင်လာနိုင်ပါသေးတယ်။ နည်းတဲ့အတွက် ရုပ်ပိုင်းကျန်းမာရေးမှာ ထိခိုက်စရာ မရှိနိုင်ပါ။

Questions by a Bachelor ဘယ်နှစ်ကြိမ် ဖြေမလဲ-နေသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/questions-by-bachelor.html

Fri, Jul 20, 2012 at 11:48 PM
Greeting from (့). I have slept with my fiancé last three hours ago and had sex and we cannot find any emergency contraception pills here. we are just worried to have pregnant. Can you kindly please help us for any other alternative solution?

Combined oral contraceptive pills (COCs) ဟော်မုန်း ၂ မျိုးတွဲဆေးများ
• Preven (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၃ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ ပြား သောက်ပါ။
• Ovral = Lo Ovral (Ethinyl estradiol and Norgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၂ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၂ လုံး ထပ်သောက်ပါ။
• Cryselle (Ethinyl estradiol and Norgestrel), Levlen (Ethinyl estradiol and Levonorgestrel), Lo-Ovral (Ethinyl estradiol and Norgestrel), Marvelon 28 (Desogestrel 0.15 mg and Ethinyl estradiol 0.03 mg), Nordette (Ethinyl estradiol and Norgestrel), Low – Ogestrel (Ethinyl estradiol and Norgestrel), Levora (Ethinyl estradiol and Levonorgestrel), Seasonale (Ethinyl estradiol and Levonorgestrel), Tri-Leven (Ethinyl estradiol and Levonorgestrel), Trivora, or Tri Phasil (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၄ လုံး ချက်ချင်း သောက်ပါ။ ၁၂ နာရီခြာပြီး နောက်ထပ် ၄ လုံး ထပ်သောက်ပါ။
• Alesse (Ethinyl estradiol and Levonorgestrel) လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း၊ ၅ လုံး ချက်ချင်းသောက်ပါ။ ၁၂ နာရီ ခြာပြီး နောက်ထပ် ၅ လုံး သောက်ပါ။

Sat, Jul 21, 2012 at 12:03 PM
ဆရာရှင့် အားလည်းနာတယ် ကြောက်လည်းကြောက်တယ် ရှက်လည်းရှက်တယ်။ ဒါပေမဲ့ မမေးလို့မရလို့ပါ။ သမီးလေ သမီးချစ်သူနဲ့ ဆက်ဆံမိပါတယ်။ ဒါပေမဲ့ သူ့သုက်ရည်က သမီးကိုယ်ထဲမ၀င်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ (ကွန်ဒုံး) မပါတော့ ကိုယ်ဝန်ရမှာ ကြောက်နေပါတယ်။ ကိုယ်ဝန်တားဆေးလည်း သောက်ပါတယ်။ ပထမ အရေးပေါ်တားဆေး သောက်ပါတယ်။ ခုတော့ ပုံမှန်စိတ်ချဆိုတဲ့ မြန်မာတားဆေး သောက်တယ်။ အဲ့ကဒ်ကိုလည်း ဘယ်လောက်ထိ သောက်ရမယ်မှန်း မသိပါဘူး။ သူများတွေ ပြောတာကတော့ ၂ ကဒ်လောက် သောက်ရမယ်တဲ့။ အဲ့ကဒ် ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရမှာလား။

ဖြစ်တဲ့သူ အသက် မသိပါ။ မတိုင်ခင်က ရာသီ မှန်လား မသိပါ။ အရေးပေါ်တားတေး နာမည် သိပါသလာ။ ဘယ်နှစ်လုံး သောက်ရသလဲ၊ ၁ လုံးမက သောက်ရရင် ဘယ်နှစ်နာရီခြား သောက်ပါသလဲ။ အရေးပေါ် တားဆေး သောက်ပြီးနောက် သွေးဆင်းပါသလား။ ပုံမှန်တားဆေး ဆိုတာ တကပ်မှာ ဘယ်နှစ်လုံး ပါတာလဲ။ ဆေးနာမည် စာလုံးပေါင်း သိပါသလား။
ကိုယ်ဝန်တားဆေး-တားနည်း အများကြီးရှိတယ်။ ဘယ်ဟာကိုသုံးလို့ ရပ်လိုက်ရင် ကိုယ်ဝန်ရမလဲ မတူကြပါ။ တိတိကျကျ မေးရင်တော့ ဖြေနိုင်ပါတယ်။ ဆရာရေးထားတာတွေ အများကြီးရှိတယ်။ လိုအပ်ရင် ဖတ်ပါ၊ လိုက်နာပါ။

မြန်မာ-တိုင်းရင်း-တရုပ်-အိန္ဒိယား၊ တခြားဆေးတွေကို ဆရာဝန်တွေက အာမခံချက်မပေးနိုင်ပါ။ ကိုယ်ဝန် လိုဟာမျိုး အတွက် မသေခြာတာကို အားမကိုးသင့်ပါ။

Sat, Jul 21, 2012 at 2:58 PM
လိင်တူချင်း ဆက်ဆံသော သူနှစ်ယောက်တို့သည် မဆက်ဆံခင် ဆေးအရင်စစ်ပြီး ဆက်ဆံမှု ပြုကြမည်။ နှစ်ဦးလုံး HIV မရှိကြပါ။ သို့ဆိုလျှင် ရောဂါဖြစ်နိုင်၊ မဖြစ်နိုင်၊ ကူးနိုင်၊ မကူးနိုင် သိလိုပါသည်။ တကယ်လို့ တစ်ယောက်ယောက်က ရောဂါရှိသူနှင့် အရင်က ဆက်ဆံဖူးလျှင် ရောဂါလက္ခဏာ မပြသေးဘဲ နောက်များမှ ပြတတ်ပါသလား သိလိုပါသည်။

1. HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
2. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
3. HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html

Sat, Jul 21, 2012 at 9:13 PM
အခုသမီး Abortion လုပ်ပြီးတာ ၁ လ နဲ့ ၅ ရက်ရှိသွားပြီ။ ဒီကြားထဲတော့ အစာစားလို့ မရတာကလွဲရင် ဘာမှမဖြစ်ဘူး။ အစာစားလို့ မရဘူး ဆိုတာကိုလဲ ပြောပြချင်တယ်။ အစာစားပြီးတိုင်း လည်ပင်းဝကို လေတက်သလိုလိုနဲ့ အစာပြန်ပြန် တက်တာ။ အန်တာလဲမဟုတ်ဘူး။ ဗိုက်တော့မအောင့်ဘူး။ ညအစာ စားရင်ပိုဆိုးတယ် Myanmar အစာကျေဆေး စားရင် ဆေးအရသာတွေ ပြန်ပြန်ပြီး တက်တက်လာတယ်။ အဲဒါနဲ့ ညဆို ဆန်ပြုတ်ပဲ သောက်တာ ၂ပတ် လောက်ရှိပြီ။ ဆန်ပြုတ် သောက်တော့ ထမင်းစားသလောက်တော့ ခဏခဏ မတက်တော့ဘူး။ Kremils white color သောက်တာလဲ မသက်သာဘူး။ အစာအိမ် အူအတက်ပေါက်မှာ စိုးရိမ်လို့ပါ။ သူများတိုင်းပြည်မှာဆိုတော့ ကြောက်တယ်။ နောက်ပြီး ဆီးစပ်က အလုံးလိုမျိုးဟာက ရွေ့တယ်ဆိုတာ မနေ့ညက သတိထားမိသွားတယ်။ တရေးနိုးစမ်း ကြည့်တာ ချက်အောက်ကပ်ရက် ညာဘက်မှာ မာမာကြီးဖြစ်ပြီး အရင်မာနေတဲ့ဆီးစပ်ကို ပြန်စမ်းလိုက်တော့ ပျော့ပြီး ဘာမှမရှိတော့ဘူး။ မနက်ရေမိုးချိုး လုပ်စရာရှိတာလုပ်ပြီး ပြန်စမ်းတော့ နဂို ဆီးစပ်ကိုပြန်ရောက်သွားတယ်။ အဲဒါ ဘာဖြစ်တာလဲ။ Abortion လုပ်ပြီးတည်းက အမျိုးသားနဲ့လဲ တူတူမနေဘူး။ တခုခုဖြစ်မှာကြောက်လို့။ အခုလိုတွေ ဖြစ်တာဘာဖြစ်လို့လဲ။ Abortion ကပဲ Successful မဖြစ်လို့ ဆီးစပ်ကအလုံးကြီးက ကလေးများဖြစ်နေတာလား။

(၁) လေတက်တာက ၂ မျိုးကနေဖြစ်နိုင်တယ်။ တမျိုးက အစာခြေအရည်အထက်ဆန်တာ နဲ့ နောက်တမျိုးက ကိုယ်ဝန်ရှိစလက္ခဏာ။ ဖျက်ဆေး ဘေးထွက်-ဆိုးကျိုးတော့ ကုန်လောက်ပြီထင်ရတယ်။
(၂) ဆီးစပ်က စမ်းလို့ရတာ။ ကိုယ်ဝန်ကို အရင် စဉ်းစားသင့်တယ်။ မစမ်းရဘဲ ပြောရတာ မသေခြာလှဘူး။

Sun, Jul 22, 2012 at 8:46 PM
ကိုယ်ဝန်ရှိနေတဲ့ လင်မယားနှစ်ယောက်ဟာ ကိုယ်ဝန် ဘယ်နှစ်လပိုင်းမှစပြီး အတူနေရန် မသင့်တော်ဘူးလဲ ဆိုတာ သိပါရစေ။ မွေးဖွားပြီးရင်လဲ ဘယ်လို နေထိုင်သင့်တယ် ဆိုတာ ဖြေကြား ပေးစေလိုပါတယ်။ နောက်ပြီး ကိုယ်ဝန် ၇ လပိုင်းမှာ အာလ်ထရာဆောင်း ရိုက်တဲ့အဖြေဟာ လိင်အမျိုးအစားကို ရာနှုံးပြည့် ခွဲခြားနိုင်ပါသလား။

• Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား (၁)
• Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂)
• Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ
• Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
• Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html

Tue, Jul 24, 2012 at 2:09 AM
ကျွန်တော့် အမျိုးသမီးမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဖူးပါတယ်။ ၂ဝ၁၁ မတ်လ လောက်တုန်းကပါ။ နောက်ပိုင်း တစ်လလောက်ထိတော့ နည်းနည်း နာပါတယ်။ အလေးအပင် မပါပါဘူး။ အစစ ဆင်ခြင်ပါတယ်။ နောက်တော့ အားလုံး အဆင်ပြေပြီး ပှုံမှန်အတိုင်းကောင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က သူဗိုက်က အလယ်တည့်တည့်က နာတယ်ပြောပါတယ်။ ဓမ္မတာလာပြီး လေးရက်လောက် အကြာမှာဖြစ်တာပါ။ ဒီလကို ၅ ရက် လာတယ် ပြောပါတယ်။ ပုံမှန်ကတော့ ၄ ရက်ထိ အများဆုံးပါ။ တအားအများကြီးတော့ မဟုတ်ပါဘူး။ ဒီလလာပြီး ငါးရက်လောက်မှာ ဗိုက်အလည်တည့်တည့်က နာတယ်ပြောပါတယ်။ ၄ နာရီ သာသာလောက်ထိ နာနေတာပါ။ သူ အဝတ်တွေလည်း မလျော်ပါ။ ဒီနေ့လည်း ညနေပိုင်းက နည်းနည်း နာတယ် ပြောပါတယ်။ ကျွန်တော်က အလုပ်ကိစ္စနဲ့ ပြည်ပမှာပါ။ အတူမနေဖြစ်တာလည်း ကြာပါပြီ။ သူလည်း ပုံမှန် အကောင်းအတိုင်းကနေ နည်းနည်း ပြန်နာတော့ စိုးရိမ်ရပါလား။ သားအိမ်ခြစ်ထားတာကနေ သူ့ကို ထိခိုက်မှာ စိုးရိမ်မိလို့ပါ။

မစိုးရိမ်ပါနဲ့။ သားအိမ်ခြစ်တာက ခဏနဲ့ ပုံမှန်ပြန်ရောက်ပါတယ်။ အခု အတော်ကြာပြီဘဲ။ ရာသီလလဲပုံမှန်၊ တရက်သာပိုတယ်။ ရောဂါမဟုတ်လောက်ပါ။ ဖြစ်နိုင်တာ ၂ ခုစဉ်းစားလို့ရတယ်။ (၁) မ-မျိုးဥထွက်ချိန်မို့ နာတာ။ (၂) လေ။ ဝမ်း၊ အစား မှန်ပါသလား။

လက်တန်းဆေးနည်းပေးရရင် (၁) Antacid/Gelmag/Degene စတဲ့ လေဆေး တခုခု တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ခါသောက်ပါ။ (၂) Ibuprofen/Paracetamol/Diclofenic.Buscopan တခုခုကို လေဆေးနဲ့ တွဲသောက်ပါ။ (၃) နာတဲ့နေရာ ရေနွေးအိပ်ကပ်ပါ။ မသက်သာသေးရင် မေးပါ။ အဖြူဆင်းတာ ရှိ-မရှိသိချင်ပါတယ်။ နှိပ်ကြည့်ရင်နာတာလား၊ မနှိပ်ဘဲနာတာလား ခွဲခြားသိချင်တယ်။