1. ဆရာရဲ့ ကျန်းမာရေးစာစုတွေကို ဖတ်ရပါတယ်။
2. အသက်က 21 ပါ။ ကိုယ်ဝန်တစ်ခါဖျက်ချဖူးပါတယ်။
3. သမီးအသက်က ၂၇ နှစ်ပါ အခုနိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတာပါ။
4. သမီး အများကြီးပျော်ရွှင်မိပါတယ်။
5. မိတ်ဆွေတယောက်ပါ အသက် ၄၃ ရှိပြီ။ အမျိုးသမီးပါ။
6. I am your medical writing reader from Myanmar.
7. သမီးအသက်က (၂၈)နှစ်ပါ။
8. ကျွန်တော့် အသက်က ၂၅ နှစ်ပါ။ ကျွန်တော့် HIV ရောဂါနဲ့ပတ်သတ်ပြီးသိချင်လို့ပါ။
9. ဆက်ဆံပြီးတာ 10 ရက်လောက်ဘဲကြာသေးတော့ ဆီးစစ်လို့ရနိုင်ပါလားခင်ဗျာ။
10. လွန်ခဲ့တဲ့ရက်က ကျွန်တော့် ကောင်မလေး ဆေးပြန်စစ်သင့်တဲ့အချိန်
11. သမီးကအိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျပြီးပြီးချင်း
12. ကျွန်မက အိမ်ထောင်ရှင်တစ်ယောက်ပါ။
13. ဒါဆိုရင် ကျွန်မအခု ကလေးမလိုချင်သေးပါဘူး။
14. သမီး အသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီးတယောက်ရှိပါတယ်။
15. ဘယ်ရက်နဲ့ ဘယ်ရက်တွေကြားမှာဆို ကိုယ်ဝန်မရနိုင်ပါသလဲ။
Mon, Feb 18, 2013 at 4:59 PM
ဆရာရဲ့ ကျန်းမာရေးစာစုတွေကို ဖတ်ရပါတယ်။ အဲဒါကြောင့်လည်း ဆရာကိုအားကိုးတကြီးနဲ့အကြံဥာဏ်တောင်းလိုက်ပါတယ်။ အသက်က ၂၆ နှစ်ထဲမှာပါ။ ဒါပေမယ့် လိင်အင်္ဂါက အရမ်း သေးနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အမြဲတမ်း စိတ်အားငယ်ဝမ်းနည်းနေရပါတယ်။ ဘယ်သူကိုမှလည်းမပြောရဲပဲ တစ်ယောက်တည်းပဲ ကြိတ်မှိတ်နေရပါတယ်။ ခေတ်ပေါ်ဘောင်းဘီအကျပ်တွေ ဝတ်ချင်ပေမယ့်သူများတွေ သိမှာစိုးလို့ မဝတ်ရပါဘူး။ သိတဲ့လူတွေရှေ့ရောက်ရင်လည်း မလုံမလဲဖြစ်ရပါတယ်။ တခါတလေ လူဘဝမှာတောင် မနေချင်တော့လောက်အောင် စိတ်ဓါတ်တွေကျနေပါတယ်။ ကူညီပါဦးဆရာ။ လိင်အင်္ဂါကြီးအောင်ဘယ်လိုလုပ်ရမလဲ။ ထင်တာ ငယ်ငယ်ကတည်းက သေးတယ်ထင်ပါတယ်။ တိုလည်းတိုတယ်။ သာမာန်ဆို ၁ လက်မကျော် လောက်ပဲရှိတယ်။ မာလာမှ ၃ လက်မလောက်။ သူများတကာ ပုံမှန်လောက်ရှိတဲ့အရှည် ဘယ်လိုလုပ်ရမလဲ။ မိန်းမတောင်ယူလို့ရပါ့မလား။ ရည်းစားတောင်မထားရဲပါဘူးဆရာ။ မတော်တဆခိုးမိရင်တောင် ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်မှာစိုးလို့။ ဆရာရဲ့မေတ္တာနဲ့အကြံပေးလမ်းညွှန်မှု့ကို ရပါရစေ။ ဘေးကင်းပြီး ငွေအရမ်းမကုန်တဲ့နည်းလမ်းတွေပြပေးပါ။ ဆရာ့ကိုအမြဲကျေးဇူးတင်နေမှာပါ။ ပြီးဆရာ့ရဲ့ Penis enlargement 1 မှာရေနွေးနဲ့ချိုးပေးပါ၊ စိမ်ပေးပါဆိုတာဘာကိုလဲ တစ်ကိုယ်လုံးကိုလား လိင်အင်္ဂါကိုလား ရှင်းပြပေးပါ။ ဆီကလည်း နှမ်းဆီ စစ်စစ်လား၊ ဒါမှမဟုတ် ပာင်းချက်ရင်သုံးတဲ့ ပဲဆီ နှမ်းဆီလား၊ သေသေချာချာလေးရှင်းပြပေးပါ။
ဆရာရေးထားတွေ ဖတ်ပြီးပြီထင်ပါတယ်။ မဖတ်ရသေးရင် ဖတ်ပါ။ အပြစ်ကင်းတာကိုသာ လိုက်နာပါ။ ဆေးထိုးနည်း လုံးဝ မသုံးပါနဲ့။ ငယ်တုံးက လက်ဆော့ပြီးဆေးထိုးရာက မဖြစ်သင့်တာတွေဖြစ်လို့ ခွဲစိတ်ပြုပြင်တော့လဲ အဆင်မပြေလို့ မေးလာသူတွေရှိတယ်။ ကိုယ့်စိတ်ကိုပြုပြင်ပါ။ အားငယ်စိတ်ကို ဖျောက်ပြစ်ပါ။ သစ်ပင်တွေကိုတောင်မှ စိတ်ကနေ စေစားရင် ခိုင်းသလိုဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုလဲ အဲလိုသဘောထားပြီး ကြိုးစားပါ။ စိတ်ခွန်အားကောင်းရင် ရနိုင်တယ်။
Mon, Feb 18, 2013 at 8:07 PM
အသက်က 21 ပါ။ ကိုယ်ဝန်တစ်ခါဖျက်ချဖူးပါတယ်။ သားအိမ်ထဲကို ဆေးထည့်တာတို့ဘာတို့ ကိုယ့်ဟာကိုယ် လုပ်ခဲ့ပါတယ်။ နောက်မှ သွေးကလည်း နည်းနည်းပဲဆင်းတော့မှ ကြောက်ပြီးဆးခန်းပဲသွားခဲ့ပါတယ်။ ဆေးသုံးလုံး တိုက်တယ်။ အကုန်ဆင်းပါတယ်။ ဗိုက်လည်းအရမ်းအောင့်တယ်။ တော်တော်ခံရခက်တယ်။ အဲဒီကတည်းက ကိုယ်ဝန်ဖျက်ချရတာကို ကြောက်သွားတယ်။ ချိန်းတဲ့ရက်ကို သွားပြပါတယ်။ သားအိမ်ကိုစစ်ဆေးတယ်။ သားအိမ် နည်းနည်းယောင်နေတယ်တဲ့။ သောက်ဆေးရေးပေးလိုက်တယ်။ သားအိမ်တစ်ခုခုဖြစ်မှာကြောက်တယ်။ နောက်တော့ ၂၈ လုံးပါ တားဆေးပဲဆက်စားပါတယ်။ ဒါပေမယ့် ဆေးသောက်ရတာက မေ့တတ်တော့ ဆေးထိုးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ၃ လခံဆေး ထိုးလိုက်ပါတယ်။ ရင်ဘတ်နဲ့လက်မှာ အဖြူကွက်လိုလိုလေးတွေထွက်လာလို့ မတည့်ဘူးထင်လို့ ဖြေဆေးထိုးလို့ ရလားလို့မေးတော့ ထိုးလို့ရတယ်ပြောလို့ ရာသီပေါ်ဆေး ၂ လုံးထိုးခဲ့ပါတယ်။ တစ်ပတ်လောက်ကြာတော့ သွေးနည်းနည်း ဆင်းပါတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲဆင်းတယ်။ တစ်ပတ်လောက်ကြာတယ်။ ထပ်သွားပါတယ်။ ၂ လုံး ထပ်ထိုးပေးပါတယ်။ ၂ ရက်လောက်ကြာတော့ သွေးခဲကော အသားစလိုလိုတွေပါ ဆင်းတယ်။ ဗိုက်လည်း အရမ်း အောင့်တယ်။ ပုံစံက ကိုယ်ဝန်ပျက်သလိုပဲ။ ဖြစ်ဖူးထားတော့လည်း အရမ်းကြောက်မိတယ်။ ကိုယ်ဝန် ပျက်ရအောင်ကလည်း ၃ လခံဆေးထိုးထားတာဆိုတော့ ကိုယ်ဝန်လည်းမဟုတ်လာက်ဘူးလေ။ သားအိမ်များ တစ်ခုခု ဖြစ်သွားလားဆိုပီး အရမ်းကြောက်မိတယ်။ ဆရာမကတော့ မစိုးရိမ်ပါနဲ့တဲ့ သားအိမ်နံရံတွေ ကြွေကျတာတဲ့။ သမီးကတော့ ကြောက်လွန်းလို့ အာထရာဆောင်း သွားရိုက်လိုက်တယ် ဆရာရယ်။ OG နဲ့လည်း ပြလိုက်တယ်။ ဆရာက ပြောတယ် ကိုယ်ဝန်ပျက်ကျတာတွေဘာတွေဖြစ်နေဦးမယ်တဲ့။ ၃ လခံဆေးထိုးလည်း မဆိုင်ဘူးတဲ့။ ဖြစ်တတ်တယ်တဲ့။ အာထရာဆောင်း ရိုက်ကြည့်တော့ သားအိမ်ကလည်းပုံမှန်ပဲတဲ့။ ကိုယ်ဝန်ပျက်ကျတယ်ဆိုရင်လည်း အထဲမှာ ဘာမှ မကျန်တော့ပါဘူးတဲ့။ အဲကျမှပဲ စိတ်အေးသွားတော့တယ်။ ဒါပေမယ့် သွေးကတော့ နည်းနည်းချင်းဆင်းနေတုန်းပဲ။ ရက် ၂ဝ လောက်ကြာတယ်။ တော်တော်ကိုနည်းနည်းလေးပါပဲ။ ဆရာက သွေးဆင်းရပ်တဲ့ဆေးပေးပါတယ်။ ပေးပြီး တစ်ရက်လောက်ပဲ ရှိသေးတယ် ရပ်သွားပါတယ်။ ၃ လခံဆေးကို အဲလိုဖြေဆေးထိုးလိုက်တော့ ၃လခံဆေးရဲ့ အာနိသင် ကုန်သွားပါသလား။ ထိုးပေးတဲ့ဆရာမကပြောတော့ အာနိသင်ကုန်သွားမှာတဲ့။ OG ကပြောတော့ မကုန်ဘူးတဲ့။ ၃ လ ပြည့်ပြီး သွားရင်ကော အရင်လို ပုံမှန်ရာသီပြန်ပေါ်မှာလား။ သမီး အခု ဆေးလည်းမစားဘူး ဆေးလည်း ထပ်မထိုးတော့ဘူး။ ကလေးယူတော့မယ်။ OG ကတော့ အသက်ငယ်သေးတယ် မယူနဲ့ဦးတဲ့။ သမီး သူ့ကို ကလေးယူမယ်လို့တော့ မပြောမိပါဘူး။ သူ့ဟာသူ အသက်ငယ်သေးတယ် မယူနဲ့ဦးလို့ပြောတာ။ အသက် ၂၁ နှစ်က ငယ်တော့ မငယ်ပါဘူး။ ကလေးယူရင် အဆင်ပြေလောက်ပါတယ်နော်။ သအမျိုးသားက သမီးထက် ၁ဝ နှစ်လောက် ကြီးတယ်။ အဲဒါကြောင့် အခုအချိန်ကတည်းက ယူချင်တာပါ။ ကလေးကော ရနိုင်ပါဦးမလား။ တားဆေးတွေကော ဖြေဆေးတွေကော စုံထားတော့ မရမှာစိုးတယ်။ ပြီးတော့ ၃လခံဆေးက တော်တော်ကြာတာတောင် ကလေး မရနိုင်သေးဘူးတဲ့။ သားအိမ်အားဆေးဆိုတာကော စားဖို့လိုလား။ ကလေးယူတော့မယ်ဆိုရင် ဘာဆေးတွေ ကြိုစားရမလဲရှင့်။
၃ လခံထိုးဆေးရဲ့အစွမ်းက ၃ လအထိနေပါမယ်။ ဖြေဆေးဆိုတာ မရှိပါ။ ၃ လခံထိုးဆေးထိုးထားရင် ရာသီအပေါ် သက်ရောက်တာ တယောက်နဲ့တယောက် မတူကြပါ။ ရာသီနည်းသူ ကများတယ်။ တချို့ မလာပဲလဲနေတယ်။ စာထဲမှာ ဆေးထိုးတဲ့ရက် မတွေ့ပါ။ အာလ်ထွာဆောင်းရိုက်တာ အသေချာဆုံးဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကျော်ရင် ကိုယ်ဝန်ဆောင်လို့ရပါပြီ။ ၃ လခံဆေးအကြောင်း၊ ကိုယ်ဝန်ရနိုင်အောင်နည်းတွေ၊ ကိုယ်ဝန်ရရင် လုပ်စရာ ရှောင်စရာတွေ အားလုံးလိုလို ရေးထားပါတယ်။ သိလိုတာ ရာ့ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။
Sat, Feb 16, 2013 at 7:18 PM
သမီးအသက်က ၂၇ နှစ်ပါ အခုနိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတာပါ။ သမီး ချစ်သူနဲ့ဒီရောက်မှာ ပထမဆုံးတူတူ နေဖြစ်တာပါ။ သမီးတို့ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးပါတယ်။ ဒါပေမယ့်နှစ်ကြိမ် သုံးကြိမ်လောက်ကို သူရဲ့ စိတ်ကျေနပ်အောင် အထဲကိုထည့်ထားပြီး သုတ်ရည်ကို အပြင်မှာထုတ်ပါတယ်။ ဒါပေမယ့် သမီးရဲ့ပြဿနာက မရိုမသေဆရာရယ် အရင်က သမီးရဲ့အင်္ဂါ ကိုဆေးတိုင်းသမီးက အတွင်းထိ သေချာနှိုက်ဆေးတတ်ပါတယ် အရင်တုန်းကဆိုရင် အတွင်းမှာ ဘာမှမရှိဘဲ တစ်ပတ်နှစ်ပတ်အတွင်းမှာမှ အဖုလေးတွေ ညာဘက်မှာ သတိထားမိပါတယ်။ အထူးသဖြင့်သားအိမ်ခေါင်းတစ်ဝိုက်မှာပါ အရည်ပေါက်သွားမလားဆိုပြီ လက်နဲ့ ဝက်ခြံပေါက်သလို ဖောက်မိပါတယ်။ ဒါပေမယ့် မပျောက်သွားပါဘူး။ ဘယ်ဘက်ပိုင်းကို စမ်းကြည့်တာ ဘာမှမဖြစ်ဘဲ ညာဘက်ပိုင်းမှာမှ ထူးထူးခြားခြား သတိထားမိပါတယ် ပထမတစ်ပတ်တုန်းကတော့ ဖာသိဖာသာပဲနေခဲ့ပါတယ် ခုမှ အဖုလေးတွေက ပိုများလာသလားလို့ပါ အများကြီးဗျုတ်ထ တာမျိုးမဟုတ်ဘဲ အသားပိုလိုအတွဲလေး သုံးလေးလုံး တွဲပြီးစုနေသလို ခံစားရပါတယ်။ အရမ်းကို ကြောက်နေပါတယ်။ သူများနိုင်ငံမှာ ဆေးခန်းသွားပြဖို့ဆိုတာရယ် မိန်းကလေးကိစ္စဖြစ်နေတာရယ်က မစားနိုင် မသောက်နိုင်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင်သမီးကို နည်းလမ်းလေးအများဆုံး ပေးစေချင်ပါတယ်။ သမီးတစ်ခုခု ဖြစ်သွားမှာလည်း အရမ်းကြောက်မိသလို HIV ဆိုတာမျိုး ကင်ဆာလိုမျိုးတအားကြောက်နေပါတယ်။ သမီးမှာ အရမ်းကို ဗဟုသုတ နည်းနေပါတယ်။ အလုပ်နဲ့အိမ် ဖြစ်နေတဲ့အပြင်ကို ခု သမီး လိင်ဆက်ဆံမိလို့ဆိုတဲ့ အတွေးတွေနဲ့ တအားကို ကြောက်နေပါတယ်။ ရာသီလာတာကတော့သမီးက ၂ လာနေမှလာတဲ့သူမျိုးပါ။ အပျိုဖော်ဝင်ကတည်းကပါ။ ဒီလကိုလည်း ပုံမှန်လာထားပါတယ်။ ရှောင်ရန်ဆောင်ရန်လေးတွေပြောပေးပါ။ အခုဆိုသမီး အတွင်းခံတွေကြောင့် များလားဆိုတဲ့ အတွေးနဲ့ အတွင်းခံကိုတောင်ခြောက်သွားရင် မီးပူသေချာထပ်တိုက်ပြီးမှ ဝတ်ရဲပါတော့တယ်။ သမီးအဓိက စိုးရိမ်နေတာက အဲဒီအဖုတွေကမပျောက်သွားဘဲနဲ့ ထပ်ထပ်တိုးလာမှာ စိုးတာပါ။ ညာဘက်ပိုင်း အတွင်းဆုံး သားအိမ်အနားမှာ အဲလိုလေးတွေတွေ့ရတဲ့အပြင် သမီးရဲ့မိန်းမအင်္ဂါ အပြင်ဘက်မှာလည်း လက်နဲ့စမ်းလိုက်ရင် ဗြုတ်ကလေးတွေလို ဖြစ်နေတယ်။ အမျိုးသမီး ဗဂျိုင်းနားအတွင်းမှာ ကိုယ့်ဖါသာစမ်းရင် (ဆရာဝန်မဟုတ်ရင်) ရောဂါကို သိမယ်မဟုတ်ပါ။ ဗဂျိုင်းနားထဲမှာ ဖြစ်တတ်တဲ့ရောဂါမျိုးကလဲ မေးတဲ့သူပြောသလိုမျိုး မဟုတ်လောက်ပါ။ သားအိမ်ဝအထိ လက်နဲ့စမ်းနိုင်တယ်ဆိုတာလဲ စဉ်းစားစရာတခုပါ။ အသီးငယ်လေးတွေဆိုတာ ဆန်းနေပါတယ်။ ဗဂျိုင်းနားရဲ့ တည်ဆောက်ထားပုံကိုက ကန့်လန်းစင်းလေးတွေ ပုံမှန်ရှိပါတယ် ခပ်ကြမ်းကြမ်းလေးနေတယ်။ သားအိမ်ဝရောက်ရင် ချောမွေ့နေတယ်။ ဗဂျိုင်းနားမှာ အနာ၊ အသီးလို မဖြစ်တတ်ပါ။ ဖြစ်အုံးတော့ ဒီအရွယ်မှာ မဖြစ်တတ်ပါ။ အသီးပိုဖြစ်ရင် တခြား လက္ခဏာတွေလဲ ရှိမယ်။ အဖြူဆင်းတာ၊ သွေးယိုတာ၊ အနံ့အသက်ထွက်တာတွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံမှုလဲရှိတာမို့ STDs လိင်ကတဆင့်ကူးစက်ရောဂါကိုလဲ မေ့ထားလို့မရပါ။ (ကွန်ဒွမ်) သုံးတာမို့ သိပ်စိုးရိမ်စရာတော့ မရှိပါ။ ကင်ဆာကလဲ ဒီလိုသဘောမဟုတ်ပါ။ HIV အပါအဝင် မျိုးပွါးခြင်းဆိုင်တဲ့ ကျန်းမာရေးသုတတွေသိချင်ရင် ဆရာ့ (ဆိုက်) တွေမှာ ရှာဖတ်နိုင်ပါတယ်။
Mon, Feb 18, 2013 at 8:08 PM
သမီး အများကြီးပျော်ရွှင်မိပါတယ်။ သမီး ကတစ်ဦးတည်းသောသမီးမို့ အရမ်းကို အထီးကျန်ပါတယ်တိုင်ပင်မယ့်သူငယ် ချင်းလည်း မရှိပါဘူး ပွင့်ပွင့်လင်းလင်းတိုင်ပင်ရလောက်အောင် မိခင်ဖြစ်သူကလည်း ရိုးရိုးအေးအေးမို့ မတိုင်ပင်ရဲပါ။ မရိုမသေပြောရရင် သမီးလက်နဲ့ မိန်းမကိုယ်ထဲကို စမ်းကြည့်တဲ့အခါမှာ တောက်လျောက်သွားရာ လမ်းကြောင်း အတွင်းအဆုံး အဝကို သားအိမ်ခေါင်းလို့ခေါ်ပါသလား။ အဲဒါအနားနံရံလေးတွေမှာ အဖုလိုမျိုးလေးတွေ လက်နဲ့ စမ်းကြည့်မိတာပါ။ ပထမကတော့ဆရာပြောသလို မိန်းမကိုယ် နုတ်ခမ်းနံရံလေးတွေ ကြမ်းတာပဲနေမှာပါဆိုပြီး သတိထားမိပါတယ်။ ဒါပေမယ့် ဘယ်ဖက်ခြမ်းက သိပ်မသိသာပေမယ့် ညာဘက်ခြမ်းမှာ အဖုလေးတွေကို သတိထားမိတာပါ။ အဖုလေးလို့ ဆိုပေမယ့် နှစ်လုံးတွဲ တစ်လုံး စုစုပေါင်းမှ လေးငါးလုံးပါ။ အကြိတ်ပုံစံမဟုတ်ပါ။ ပျော့ပျော့လေးနဲ့ ဖောက်ရင်လည်းမပေါက်ပါ။ မိန်းမကိုယ်အတွင်းနံရံ လေးတွေက အရေးပြားလေးတွေလိုမျိုးထဲမှာမှ အဲလိုလေးတွေ သတိထားမိတော့တအားစိတ်ပူပါတယ်ဆရာ အခုဆိုသမီး အလုပ်ထဲမှာပါ စိတ်မပါတော့ဘဲ တအားကို စိတ်ပူမိနေပါတယ်။ ဒါပေမယ့် သမီး ဆရာရဲ့ပြန်စာကို ဖတ်လိုက်ရတော့ သားအိမ်ခေါင်းကင်ဆာတို့ ဘာတို့မဖြစ်နိုင်ဘူးဆိုပြီ နည်းနည်းတော့စိတ်ပူတာ သက်သာရပါတယ်ဆရာ။
အခုစိတ်ထဲမှာ ဆီးအိမ်ကပဲအောင့်သလိုလို စိတ်ထင်တာပဲလားတော့မသိပါ။ ညာဘက်က အောင့်တယ်လို့ ခံစားရပါတယ်။ တစ်ခုပြောဖို့မေ့နေပါတယ်ဆရာ သမီး ပုံမှန်ပါပဲ။ တခြား အဖြူဆင်းတာ အနံ့အသက်ဆိုးတာ တစ်ခုမှမဖြစ်ပါ။ အရင်လိင်မဆက်ဆံဘူးခင်တုန်းက မိန်းမအ၈င်္ါကို ဆေးတိုင်းအတွင်းထိ သေချာဆေးပါတယ်။ အဲဒီတုန်းကတော့ တစ်ခါမှ အဲလိုလေးတွေမတွေ့ရဘဲ ခုမှတွေ့တော့ဆရာပြောသလို ပုံမှန်ပဲလား ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်မိတာတော့ အမှန်ပါ။ ပထမဦးဆုံး ဖြစ်တာမို့လို့ တအားကိုလည်း လန့်နေမိပါတယ်။ သမီးဆရာရဲ့စာတွေအကုန်လိုက်ဖတ်ပါ့မယ်ဆရာ။ သမီးကို အကြံလေးများရှိရင်ထပ်ပေးပါဦး။ သမီး ဒီတစ်ပတ်အတွင်း ဆေးခန်းသွားပြဖို့လည်းစဉ်းစားထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှနေတော့ တစ်ခါတစ်လေ နိုင်ငံခြားဆရာဝန်တွေကို လိပ်ပတ်လည်အောင် ရှင်းပြဖို့ဆိုတာ တော်တော်လေးတော့ ခေါင်းစားရပါတယ်။ ချောင်းဆိုးနှာစေးတာလောက်တော့ အဆင်ပြေပေမယ့် သမီး ခုပြသနာကို ပြောဖို့ တော်တော်စဉ်းစားရပါတယ်။ သမီးကို တစ်ခုလောက်ထပ်ကုညီပေးပါဦး။ သမီးတို့ မိန်းမအင်္ဂါမှာ အဖုလေးတွေ တွေ့တယ် ငါသံသယတော့ဖြစ်မိတယ်ဆိုရင် အဖုကိုအင်္ဂလိပ်လိုဘယ်လိုသုံးပါသလဲ။ သမီးနိုင်ငံခြား သူငယ်ချင်း တစ်ယောက်ကတော့ ပိုက်စပ်မှာ အပူဖုပေါက်တာကို pimples ဆိုပြီး သုံးသွားတာကြားဖူးပါတယ်။ သမီးကို အင်္ဂလိပ်စာပါ ထပ်သင်ပေးနေပြီ ထင်တယ်။ ဆေးဝါးအခေါ်အဝေါ်မို့ သမီးအခက်တွေ့နေလို့ပါ။
သမီးစာတွေအများကြီးရှည်သွားရင်ခွင့်လွှတ်ပါဆရာ သမီးမှာဆွေမျိုးရင်းချာတစ်ယောက်ရလိုက်သလိုခံစားရပါတယ် တအားကိုလည်းပျော်ရွှင်မိပါတယ် သမီး တို့ကျန်းမာရေးအသိတွေကို ခုလိုမျှဝေပေးတဲ့ ဆရာတို့ကိုလည်းတအားကိုကျေးဇူးတင်မိပါတယ် သမီးတို့လိုမြန်မာအမျိုးသမီးလေးတွေအတွက် တော်တော့်ကိုအထောက်အကူပြုပါတယ်ဆရာ။
OG ကိုပြရင် အားလုံး အဆင်ပြေသွားမယ်။ ဘာမှ မစိုးရိမ်နဲ့။ ပြောရင်
I feel something inside my vagina. I think it is small soft lumps. I think 4-5 in number in my deep end of vagina. I noticed when I clean my vagina. I don't have any discharge, while or yellow. My period (menstruation) is regular.
I also feel pain on right side of lower abdomen. လက်နဲ့ထောက်ပြလဲရတယ်။ Pain is since ဘယ်လောက်ကြာပြီပြော။
I had sex with my boyfriend/husband. But before that I did not notice those lumps. I usually clean my vagina with my fingers.
သိချင်တာရှိလဲ မေးပါ။
Tue, Feb 19, 2013 at 11:22 AM
I am your medical writing reader from Myanmar. And I really appreciate for your kind contributions and disseminating health eduction for Myanmar people. I write this letter on behalf of my sister-in-law who is suffering pause menstruation in the past two months and abdominal pain. She saw one OG and got treatment from that OG. OG said that the problem is because of Cysts were found near by uterus and fellopian tube. And OG directed to take 1) eve(vitamin E) 2) ferrodenk each tablet in one day for two weeks. She worries any consequences like that infertility may occur in future. Her age is now 25 and has one first child, 2 & half years old.
Sorry for your sister-in-law. Thanks for your appreciation.
Do you know who the diagnosis was made? Ultrasound? If it was so what was written on the report?
As she has a child, I assume it may not be Endometriosis which is very difficult to treat. Cyst can be of Uterus or Ovaries. What sizes are they?
Does pause menstruation mean no menstruation? 2 months? No present pregnancy?
Pain during menstruation is only recent problem of did she have before?
Sorry, I am asking many questions instead of answering you.
I notice the medicines are merely supportive.
Tue, Feb 19, 2013 at 1:06 PM
မိတ်ဆွေတယောက်ပါ အသက် ၄၃ ရှိပြီ။ အမျိုးသမီးပါ။ အိမ်ထောင်ကျတာ ၁၁ ရှိပါပြီဆရာ။ ကလေးမရနိုင်သေးလို့ပါ။ ယခု နယူးဒေလီမှာဘဲနေပါတယ်။ ပြီးခဲ့ ၂ဝဝ၆ ခုနှစ်က အိုက်ဇောမှာ ကလေးမရနိုင်လို့ဆိုပြီး သွားပြဘူးပါတယ်။ သားအိမ်လမ်းကြောင်း ကောက်လို့ ခွဲစိတ်ကုသမူ့ခံယူရမယ် ဆိုလို့ခွဲစိတ်လိုက်ပေမဲ့ ဘာမှမထူးပါဘူး။ အိမ်ထောင်ကျပြီးကတည်းက ဘာတားဆေးမှ မသောက်ခဲ့ဘူးပါဘူး။ အမျိုးသားဘက်ကတော့ လိုမယ်မထင်ပါဘူး။ သူနဲ့အိမ်ထောင်မပြုခင်က ပထမအိမ်ထောင်နဲ့ကလေး ၂ ယောက်တောင် ရပြီးသားပါ။ ကလေးရအောင်လုပ်နိုင်မလား။ အသက်ကကြီးပြီဆိုတော့ ကလေးရနိုင်ရင်တောင် အခက်အခဲရှိမလား။
သားအိမ်လမ်းကြောင်းကောက်တယ်လို့တော့ မသုံးပါ။ ကျဉ်းတာနဲ့ ပိတ်နေတာသာရှိတယ်။ အင်္ဂလိပ်လိုအခေါ်သိပါစလား။ မျိုးဥကြွေဆေးသောက်ဘူးပါသလား။ ဒေလီမှာဆိုရင် ယမုန်နာဆေးခန်းကိုလာပြီး ဆွေးနွေးနိုင်ပါတယ်။ ကြိုးစားတာ မမှားပါ။ လာမယ်ဆိုရင် အရင်ကဆေးမှတ်တမ်းတွေရှိရင် ယူလာချုင်းပါ။
Tue, Feb 19, 2013 at 1:36 PM
ဘယ်ရက်နဲ့ ဘယ်ရက်တွေကြားမှာဆို ကိုယ်ဝန်မရနိုင်ပါသလဲ။ အဲဒါက မရနိုင်တာသေချာပါသလား ဆရာ
Calendar method ပြက္ခဒိန်နည်း
Tue, Feb 19, 2013 at 3:01 PM
သမီးအသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီးတယောက်ရှိပါတယ်။ ၉၊ ၁၊ ၂ဝ၁၃ ကနေ ၁၂၊ ၁၊ ၂ဝ၁၃ အထိ ရာသီလာပါတယ်။ ၂ လပိုင်းမှာမလာတော့ပါဘူး။ ၁၁၊ ၂ မှာ HCG စစ်တော့ မှိန်မှိန်လေး ၂ လိုင်းပေါ်ပါတယ်။ ဒါပေမဲ့ ၁၂ ရက်နေ့မှာတော့ မဆိုသလောက်လေး သွေးစွန်းပါတယ်ဆရာ။ နဲနဲနဲနဲနဲ့ ၁ပါတ်ရှိပါပြီ။ ဒီနေ့ OG ပြတော့ အစပိုင်းတွက်တာ ကိုယ်ဝန်က ၁ လနဲ့ ၁ဝ ရက်ရှိပြီလို့ပြောပါတယ်။ သွေးဆင်းတယ်ပြောတော့ အယ်ထွာဆောင်းရိုက်ခိုင်းပါတယ်။ အဲဒီတော့ သားအိမ်မှာ ကိုယ်ဝန်ကိုမတွေ့ရဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ၁ လ စောင့်ပြီး အယ်ထွာဆောင်းပြန်ရိုက်မယ်လို့ပြောပါတယ်။ သမီး ဘာလုပ်သင့်ပါသလဲရှင်။ အကြံပေးပါဦးဆရာ။
OG ကိုပြထားရင် စိုးရိမ်စရာမရှိပါ။ ပြောတဲ့အတိုင်းသာ လုပ်သင့်ပါတယ်။
Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
Wed, Feb 20, 2013 at 4:21 PM
ကျွန်တော့် အသက်က ၂၅ နှစ်ပါ။ ကျွန်တော့် HIV ရောဂါနဲ့ပတ်သတ်ပြီးသိချင်လို့ပါ။ ပြီးခဲ့တဲ့ ၁လ ကကျွန်တော် sex worker မိန်းကလေးတစ်ယောက်နဲ့အတူနေခဲ့ပါတယ်။ အဲ့ဒါကျွန်တော့်ဘဝအတွက် ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ကျွန်တော်ကွန်ဒုံးလည်းသုံးပါတယ်။ လိင်ဆက်ဆံချိန်က ၁၅ မိနစ်လောက်ကြာမယ်ထင်ပါတယ်။ နောက်ဆုံး သုက်ထွက်လို့ ပြီးတာကလည်း အပြင်မှာဘဲပြီးတာပါ။ အဲ့ကောင်မလေးလက်နဲ့လုပ်ရင်းနဲ့ပြီးသွားတာပါ။ သူလက်နဲ့လုပ်တဲ့အချိန်မှာလည်း ကွန်ဒုံးသုံးပါတယ်။ ဟိုးတနေ့ကဝမ်းလျှောပါတယ်။ ဝမ်းမပျက်ခင်နေ့က ဗမာထမင်းဆိုင်မှာ ကန်ဇွန်းရွက်ချင်ဟင်း သောက်ပါတယ်။ နောက်ပြီး အသံဝင်ပါတယ်။ မနေ့က ချောင်းဆိုးပြီးချွဲပါတဲ့အခါ သွေးတွေလဲပါတယ်။ ချောင်းမဆိုးခင်နေ့က ညဘက်ကျွန်တော် အင်္ကျီမပါဘဲ အိပ်ပျော်သွားပါတယ်။ အခုလက္ခဏာတွေက HIV ပိုးရှိလို့ဖြစ်တာလားသိချင်ပါတယ်ဆရာ။ ကျွန်တော့်အနေနဲ့ HIV ကူးစက်နိုင်ခြေ ရှိလားလည်း သိချင်ပါတယ်။
HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-acute-infection.html
HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.html
AIDS themes HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-1-art.html
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-2-art.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv.html
HIV အတွက် Truvada ဆေး http://dts-medicaleducation-adult.blogspot.in/2012/07/hiv-truvada_17.html
HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-edurant-fda.html
HIV-AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-1.html
HIV-AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-2.html
HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-myths-and-facts.html
Wed, Feb 20, 2013 at 12:21 PM
ဆက်ဆံပြီးတာ 10 ရက်လောက်ဘဲကြာသေးတော့ ဆီးစစ်လို့ရနိုင်ပါလားခင်ဗျာ။ ရင်သားတင်းတာနာတာတွေကလည်း ကိုယ်ဝန်ရှိနေရင်ရောနာတက်ပါလားဆရာ။ ရာသီလာပြီးတာက 28.1.2013 ကပါ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Wed, Feb 20, 2013 at 10:46 AM
လွန်ခဲ့တဲ့ရက်က ကျွန်တော့် ကောင်မလေး ဆေးပြန်စစ်သင့်တဲ့အချိန် ရောက်နေတာတစ်ကြောင်း၊ ပြီးခဲ့တဲ့လက သူ့သားအိမ်နားမှာ ပုံမှန်မဟုတ်ပဲနာလို့ OG ကိုထပ်သွားပြဖြစ်ပါတယ်။ ကျွန်တော့်အလုပ်က ခွင့်ယူပြီးလိုက်သွားဖို့ အဆင်မပြေတာရယ်၊ နေနေကြတဲ့မြို့ချင်းဝေးတာရယ်ကြောင့် သူသွားပြတဲ့အချိန်ကို လိုက်မသွားနိုင်ပါဘူးဖြစ်သွားပါတယ်။ သူကတော့ ကျွန်တော့်ကို စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ သူ့ရဲ့ ultrasound result ကိုလဲ ပြပါတယ်။ ကျွန်တော်နားမလည်လို့ attach တွဲပေးလိုက်ပါတယ်ခင်ဗျာ။ result ၂ခုကို ကြည့်ကြည့်တော့ အလုံးအရွယ်က အရင်ကထက် ပိုကြီးလာတယ်ထင်ပါတယ်။
၁။ သူဖြစ်နေတဲ့ အလုံးက ဆရာပြောတဲ့ အမျိုးအစား ၂ မျိုးမှာ ဘယ်အမျိုးအစားဖြစ်ပါသလဲခင်ဗျာ။
၂။ သူ့မှာဖြစ်နေတဲ့အလုံး အရွယ်အစားနဲ့ အမျိုးအစားက စိုးရိမ်ရပါသလားခင်ဗျာ။
၃။ အခုလက်ရှိအနေအထားနှင့်ကော ဘာတွေဖြစ်နိုင်ပါသလဲခင်ဗျာ။
၎။ အလုံးက အရင်ကထက်ကြီးလာပါသလားခင်ဗျာ၊ အလုံးက ဆက်ပြီးကြီးလာမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါသလဲ ခင်ဗျာ။
Endometriotic cyst လို့ခေါ်တယ်။ အရင်ရိုက်တာနဲ့စာရင် နဲနဲပိုကြီးလာတယ်။ ကြီးလာတတ်တယ်။ ရာသီမမှန်ဖြစ်မယ်။ လာရင်နာမယ်။ OG နဲ့ဆေးကုသနေရမယ်။ လိုအပ်ရင်ခွဲထုတ်မယ်။ ဆေးလဲသောက်ရမယ်။ အချိန်ယူရတတ်တယ်။ စိတ်မပျက်ပါနဲ့။ ကင်ဆာ မဟုတ်ပါ။ ကင်ဆာကိုလဲ ပြောင်းမသွားပါ။
Tue, Feb 19, 2013 at 11:06 PM
သမီးကအိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျပြီးပြီးချင်း ကျောင်းတက်ခဲ့ပါတယ်။ ကျောင်းက ညအိပ်မထွက်ရပါဘူး။ တစ်လကို တစ်ရက်လောက်နီးပါးပဲ ခင်ပွန်းနဲ့နေရပါတယ်။ ညားပြီး ငါးလလောက်ကြာတော့ မိန်းမကိုယ်က အဖြူဆင်းပြီး ယားလာပါတယ်။ OG နဲ့ပြပါတယ်ဆရာ။ ပြန်ပြန်ဖြစ်လာလို့ ပြန်ပြန်ပြရပါတယ်။ ဆစ်ဖလစ်တို့ HIV တို့စစ်ပါတယ် မရှိပါဘူး။ ခုလည်း အဖြူက မလိုင်ဖတ်တွေလိုဆင်းပြီး ယားပါတယ်။ မနက်အိပ်ယာထ ဆီးသွားရင် ဆီးကျန်သလိုလို၊ ဆီးပူသလိုလိုခံစားရပါတယ်။ စိုးရိမ်ရပါသလားဆရာ။ ကလေးမရှိသေးတော့ ပိုစိုးရိမ်ပါတယ်။ ဒီလဆိုရင် သွေးကဆင်းချိန်မဟုတ်ပဲနဲ့ ဆင်းပါတယ်။ တားဆေးမသုံးပါဘူးဆရာ။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Tue, Feb 19, 2013 at 7:12 PM
ကျွန်မက အိမ်ထောင်ရှင်တစ်ယောက်ပါ။ သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှာ အမျိုးသားနဲ့ပြန်နေလို့ရပါသလဲဆရာ။ ကျွန်မသားအိမ်ခြစ်ပြီးတာ ၁ ပတ်ရှိပါပြီ။ အမျိုးသားနဲ့ မနေရဲလို့မနေပါဘူး။ တခုခုဖြစ်သွားမှာစိုးလို့ပါ။ အမျိုးသားက ကျွန်မအပေါ် နည်းနည်းစိတ်ကွက်နေပါတယ်ဆရာ။
အဖျားမရှိရင်၊ ဆီးစပ် (သားအိမ်နေရာ) နာမနေရင်။ လူကလဲ ပုံမှန်နေနိုင်ထိုင်နိုင်ဖြစ်ပြီဆိုရင် အတူနေလို့ရပါတယ်။ ရာသီများများလာပြီးစလို သဘောထားနိုင်ပါတယ်။ နောက်ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စန်စတကျသုံးပါ။ ကိုယ်ဝန်ရနိုင်ချေဟာလည်း ရာသီလာပြီးထားသလို အတူတူဖြစ်ပါတယ်။
Tue, Feb 19, 2013 at 7:21 PM
ဒါဆိုရင် ကျွန်မအခု ကလေးမလိုချင်သေးပါဘူး။ အခုချိန်တားဆေးသုံးလို့ရပါပြီလားဆရာ။ ရပြီဆိုရင်လည်း ဘယ်လိုသုံးရမလဲဆိုတာလေး ညွှန်ကြားပေးပါဆရာ
Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/calendar-method.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Vaginal rings သန္ဓေတား သားရေကွင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-rings.html
Tue, Feb 19, 2013 at 3:01 PM
သမီး အသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီးတယောက်ရှိပါတယ်။ ၉၊ ၁၊ ၂ဝ၁၃ ကနေ ၁၂၊ ၁၊ ၂ဝ၁၃ အထိ ရာသီ လာပါတယ်။ ၂ လပိုင်းမှာ မလာတော့ပါဘူး။ ၁၁၊ ၂ မှာ HCG စစ်တော့ မှိန်မှိန်လေး ၂ လိုင်းပေါ်ပါတယ်။ ဒါပေမဲ့ ၁၂ ရက်နေ့မှာတော့ မဆိုသလောက်လေး သွေးစွန်းပါတယ်ဆရာ။ နဲနဲ နဲနဲ နဲ့ ၁ပါတ်ရှိပါပြီ။ ဒီနေ့ OG ပြတော့ အစပိုင်းတွက်တာ ကိုယ်ဝန်က ၁ လနဲ့ ၁ဝ ရက်ရှိပြီလို့ပြောပါတယ်။ သွေးဆင်းတယ်ပြောတော့ အယ်ထွာဆောင်း ရိုက်ခိုင်းပါတယ်။ အဲဒီတော့ သားအိမ်မှာ ကိုယ်ဝန်ကိုမတွေ့ရဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ၁ လ စောင့်ပြီး အယ်ထွာဆောင်း ပြန်ရိုက်မယ်လို့ပြောပါတယ်။ သမီး ဘာလုပ်သင့်ပါသလဲရှင်။
OG ကိုပြထားရင် စိုးရိမ်စရာမရှိပါ။ ပြောတဲ့အတိုင်းသာ လုပ်သင့်ပါတယ်။
Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
Tue, Feb 19, 2013 at 1:36 PM
ဘယ်ရက်နဲ့ ဘယ်ရက်တွေကြားမှာဆို ကိုယ်ဝန်မရနိုင်ပါသလဲ။ အဲဒါက မရနိုင်တာသေချာပါသလား ဆရာ။
Calendar method ပြက္ခဒိန်နည်း
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook